Dinsdag 09 Julie 2013

ပြက္ခဒိန်ရိုက်ရတာ ပရိသတ်တွေနဲ့ နီးစပ်မှုပိုမြန်တယ်လို့ မေသွန်းခဆို

အနုပညာလောကကို မော်ဒယ်လောကမှ စတင်ဝင်ရောက်လာခဲ့တဲ့ မန္တလေးသူ မေသွန်းခက လတ်တလောမှာတော့ မဂ္ဂဇင်းတွေ၊ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးဖြစ်လာတာကို တွေ့ရပါတယ်။ မန္တလေး သူတစ်ေ ယာက်ဖြစ်တဲ့မေသွန်းခကအနုပညာ အလုပ် လုပ်ရတာ မန္တလေးထက် ရန်ကုန်မှာ ပိုပြီးအခွင့်အလမ်းရှိကြောင်း ပြောပါတယ်။ "မန္တလေးမှာက အနုပညာအလုပ်လုပ်ရတာဝေးတယ်။ ရန်ကုန်မှာကျတော့ အနုပညာအလုပ် လုပ်ရတာ ပိုပြီးအခွင့်အလမ်းလည်းပိုရတယ်။အနုပညာနဲ့ နီးစပ်ခွင့်လည်း ပိုရပါတယ်" လို့ပြောပါတယ်။ မော်ဒယ်လောကကနေ အနု ပညာအလုပ်ကို စတင်ဝင်ရောက်လာတဲ့ မေသွန်းခက ဇာတ်ကား ၆ကားရိုက်ကူးထားပြီးဖြစ် တဲ့ အတွက် မော်ဒယ်လုပ်ရတာထက် ဇာတ်ကား ရိုက်ကူးမှုက သူ့အတွက် ပိုခက်ခဲကြောင်း မေသွန်းခကပြောပါတယ်။"ညီမတို့မော်ဒယ်ကျတော့ အချိန်တစ်ရက်ပဲ ပေးရတယ်။ ဇာတ်ကားရိုက်ကူးမှုကျတော့ အနုပညာရှင်တွေအများကြီးလည်းပါတယ်။

အဝတ်အစားပိုင်းကစပြီးCharacter ပိုင်းကအစ အားလုံးပြင်ဆင်ရတယ်။ ညီမ အတွက် မော်ဒယ်လုပ်ရတာထက်စာရင် သရုပ်ဆောင်လုပ်ရတာ ပိုပြီးခက်ခဲပါတယ်" လို့ဆိုပါတယ်။ ကိုယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ ထွက်လာရင်လည်း ပရိသတ်ရဲ့စကားသံကို Facebook Fan Page ကနေ အ မြဲတမ်းနားထောင်ဖြစ်တယ်လို့မေသွန်းခက ပြောပါ တယ်။မေသွန်းခကမန္တလေးမှာလည်း ပြက္ခဒိန်တွေတော်တော်များများရိုက်ဖြစ်ခဲ့ပါသေးတယ်။ပြက္ခဒိန်ရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး မေသွန်းခက "ညီမပြက္ခဒိန်ရိုက်တာ မန္တလေးအတွက် ရိုက်တာပိုများတယ်။ စိန်တိုက်၊ ဆန်ပစ္စည်းအတွက် ရိုက်ရ တာများတယ်။

ပြက္ခဒိန်ရိုက်ရတာ ပရိသတ်တွေနဲ့ နီးစပ်မှုပိုမြန်တယ်။ ပြက္ခဒိန်က အိမ်တိုင်း လိုလို ချိတ်ထားကြတာလေ။ ကုန်ပစ္စည်းတွေအတွက်ရိုက်ရင် ပိုင်ရှင်တွေက ပရိသတ်တွေကို Promotion အနေနဲ့ပေးတာဆိုတော့ ပရိသတ်တွေနဲ့ နီးစပ်မှုပိုမြန် တယ်လို့ထင်တယ်။ ပရိသတ်တွေက သူတို့ကြိုက်တဲ့ အနုပညာရှင်ပုံတွေကို အိမ်မှာချိတ် ထားကြတာ။ညီမတောင် တစ်ခေါက် ကြုံသေးတယ်။ သူငယ်ချင်းအိမ်သွားလည်တာ ညီမပုံချိတ် ထားတာတွေ့ တယ်။ ညီမပုံကို သူများအိမ်မှာထားထားရင် ညီမနည်းနည်းတော့ ရှက်တယ်။ ဒါပေမဲ့ ကိုယ့်ကို အားပေးလို့ ချိတ်ထားတာဆိုတော့ ဝမ်းသာမိပါတယ်" လို့ပြောပါတယ်။

တွယ်တာ
Popular Journal

Geen opmerkings nie:

Plaas 'n opmerking